Saturday, August 25, 2012

သူငယ်ချင်းတို့ ရဲ့ ဂျီတော့ တွေ အတွက် ရုပ်ပြောင် My Theme လေး

အခု တစ်ခါ ကျွန်တော် မိတ်ဆက်ပေးမှာကတော့ မိမိတို့ ရဲ့ အိမ်မှာ ပဲ ဖြစ်ဖြစ် အင်တာနက်ဆိုင်ပိုင်ရှင်တွေ ပဲ ဖြစ်ဖြစ် အသုံးတည့်မယ့် အရာလေးပါ အဲ့ဒါလေးကတော့ Gtalk မှာ  ရုပ်ပြောင်လေးတွေ နဲ့ စာပို့ဖို့  ဆော့ဝဲလ် လေးဒေါင်းဖို့ပါပဲ။ အဲ့ဒီ Software လေးကို run ပြီးရင် ဂျီတော့ရဲ့ Setting ကို သွားပါ။ Setting ကို ရောက်ရင် Appearance လေးကို ကလစ်လိုက်ပါ.။ ပြီးရင် Chat Theme ရဲ့ အောက်က Box လေးကို ကလစ်လိုက်ရင်အောက်မှာ နောက်ထပ် ထွက်ကျလာတာကိုမှ My Theme လေးကို ရွေးပြီး ကလစ်လိုက်ပါ။ ပြီးရင် Ok ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ ပြောင်း ပြီးရင် ဂျီတော့ကို ပိတ်ပစ်ဖို့ မလိုပါဘူး..။ ဒါပေမယ့် ကိုယ်က တခြားသူနဲ့ ချက်ထားတာ ဆိုရင်တော့ အဲ့ဒီချက်ထားတဲ့ chat box လေးကိုခဏ ပိတ်ထားလိုက်ရုံပါပဲ။ ပိတ်ပြီးတော့ ပြန်ဖွင့်ပြီး ပြောရုံပါပဲ.။
ပြောလို့ ရနိုင်တဲ့ စကားလေးတွေကတော့ လောလောဆယ် ကျွန်တော် သိသလောက်ကလေးကို အရင်ပြောပြမယ်နော်..။
:hi
:bye
:D
:P
:)
:gm
:gn
:yes
:no
:clap
:thanx
:hugry
:ilu
 တွေ ပါပဲ။
yes
:no
:clap
:thanx
:hugry
:ilu တွေကို ပြောပြပေးတဲ့ သူငယ်ချင်း ခါးခါးလေးကို ကျေးဇူးတင်ပါတယ်။

ကျွန်တော် နောက်ထပ် ထပ်ပြီးရှာထားလိုက်ပါဦးမယ်..။ ထပ်တွေ့ရင်တော့ သတင်းကောင်းလေးပဲပေါ့..။
နောက်ပြီး My Theme ရဲ့ ချစ်စရာ ကောင်းတဲ့ အချက်ကလေးကတော့ Chat Box ရဲ့ နောက်ခံမှာ မိမိတို့ နှစ်သက်တဲ့ ပုံလေးတွေကိုတင်နိုင်တာပါပဲ..။ ကောင်လေးတွေ ဆိုရင် ကိုရီးယားမင်းသမီးပုံလေးတွေ ကိုယ့်စက်မှာ ရှိရင်ပေါ့ ..။ ကောင်မလေးတွေဆိုရင်တော့ ကိုရီးယားမင်းသား ပုံလေးတွေပေါ့..။ ချစ်သူရှိတဲ့သူတွေကတော့ ကိုယ့်ချစ်သူပုံလေးတွေ အစ ရှိသဖြင့်ပေါ့ တင်လို့ရတယ်..။ လုပ်နည်းလေးကတော့
ပထမဦးဆုံး Start ကို သွားပါ.။ ပြီးရင် All Program ကို သွားပါ..။ နောက်ထပ် DaSh ကို သွားလိုက်ပါ..။ ပြီးရင် My Theme ကို သွားလိုက်ပါ..။ ထို့နောက် Change Background ကို ကလစ်လိုက်ပြီ ဆိုရင် Box လေးတစ်ခု ကျလာမယ်။ အဲ့ဒီကနေမှ သူငယ်ချင်းတို့ရဲ့ တင်ချင်တဲ့ ပုံလေး ရှိတဲ့နေရာကို  သွားပြီး လိုက်ရှာလိုက်ရုံပါပဲ .။ ကျွန်တော် တစ်ခုလောက်တော့ သတိပေးလိုက်ချင်ပါတယ်.။ အဲ့ဒါကတော့ ကင်မရာ နဲ့ ရိုက်ထားတဲ့ပုံတွေ ကို background အဖြစ်ထားမယ်ဆိုရင် ပုံက ကြီးနေတက်ပါတယ်..။ ဒါ့ကြောင့် Photoshop မှာ ပုံကို Crop လုပ်ထားဖို့ လိုပါလိမ့်မယ်..။ ထားရမယ့် ဆိုဒ်ကတော့ 2 လက်မ 2 လက်မ ထားရင်တော့ အဆင်ပြေလိမ့်မယ် ပုံကတော့ ကိုယ် က ဘေးကို ဆွဲလိုက်ရင် ပုံက နှစ်ပုံစီ ဖြစ်သွားမယ်။ ဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ လေးလက်မ လောက်ထားကြည့်ပေါ့..။ကိုယ်အဆင်ပြေသလိုပေါ့..။အဆင်ပြေမယ် ထင်ပါတယ်နော်..။ သူငယ်ချင်းတို့ My Theme လေး ဒေါင်းဖို့
My Theme ဒေါင်းရန် ကို ကလစ်လိုက်နော် ..။
သူငယ်ချင်းတို့ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။

No comments:

Post a Comment