Thursday, May 31, 2012

မုံရွာနည်းပညာတက္ကသိုလ်မှာ ကျောင်းပိတ်ပြီး နှစ်ပတ်အထိ ကျောင်းသားကျောင်းသူတွေ မစုံသေးကြောင်း သိရပါတယ် ဘာကြောင့်လဲ လို့ စုံစမ်းကြည့်လိုက်တဲ့ အခါမှာ ကျောင်းသားကျောင်း သူတချို့က   ကျောင်းလာကြသော်လည်း ဆရာ ဆရာမများ မလာကြသေးဘူး ဟုပြောသည်။ ဆရာ ဆရာမများကလည်း
ကျောင်းသားကျောင်းသူများ မလာရ်ျ မလာကြဘူး ဟု ထင်မြင်မိပါသည် ။ ထို့နောက် စာမေးပွဲမေးခွန်းများ အကြောင်းပြောချင်ပါသည်၊နည်းပညာကျောင်းသား တချို့က ပြောကြပါသည်။ စာမေးပွဲမေးခွန်းများက pretest မေးခွန်းနဲ့ midterm မေးခွန်းမတူဘူး ဟု ပြောကြသည်။ pretest မေးခွန်းမှာ တစ်ရာ့နှစ်ဆယ်ဖိုး မေးပြီး တစ်ရာဖိုးဖြေကြရတာကြောင့် တော်ပါသေးသည်တဲ့။ အခု မေးသွားတဲ့ midterm မေးခွန်းမှာ တစ်ရာဖိုး စလုံး choice ကို လုံးဝမပေးဘဲ တစ်ရာဖိုးစလုံးဖြစ် တာရော မေးခွန်းမတူတဲ့အတွက်pretest  မေးခွန်းနဲ့   လေ့ကျင့်ကြတဲ့ ကျောင်းသားတွေ အခက်တွေ့စေတာပါ။ ဒါဟာ ဘာ့ကြောင့်ပါလဲ ။ ပညာရေး စနစ်ကို ပြောင်းလဲမယ်ဆိုတာ ကောင်းပေမယ့် တကယ့်လက်တွေ့မှာ မလွယ်ပါဘူး ။ ကျွန်တော့်ကို ပညာရေးစနစ်ကို ဘယ်လိုပြောင်းမလဲ လို့ အကြံဥာဏ်တောင်းခံလာရင်တော့ အခုကတည်းက သူငယ်တန်းကျောင်းသားတွေကို တစ်နေရာရာမှာ စုပြီး သူငယ်တန်းကနေ ပဲ စတင်လက်ခံပြီး ပထမတန်းကျောင်းသားတွေနဲ့ အတူမထားပဲနဲ့ သူငယ်တန်းကနေ စပြီး တဖြည်းဖြည်းနဲ့ အတန်းတွေ တိုးပေးတာဟာ ပိုပြီး ထိရောက်ပါလိမ့်မယ်။ အခု ပညာသင်နေကြတဲ့ ကျောင်းသားကျောင်းသူ
တွေကိုတော့ ဖြေးဖြေးချင်း ပြင်ရမှာပါ ဒါမှသာ အနာဂတ်အတွက် ကျောင်းသားကျောင်းသူကောင်းလေးတွေ
ပေါ်ထွက်လာနိုင်မှာပါလို့ပဲ ကျွန်တော်ပြောချင်ပါတယ် ခင်ဗျား.................

No comments:

Post a Comment